ကန်ကြီးထောင့်   ၅  ဇူလိုင်  


ရေလမ်းဖြင့် ခရီးသွားလာနေကြသော ပြည်သူများ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံများ လက်တွေ့သရုပ်ပြခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ပြေးဆွဲနေသော ကူးတို့ရေယာဉ်(လိုင်းစက်လှေ)များတွင် လိုက်ပါစီးနင်းကြသည့် ခရီးသည်များ အရေးပေါ် ယာဉ်အန္တရာယ် ဖြစ်ပေါ်လာပါက ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံများကို လက်တွေ့သရုပ်ပြခဲ့ပြီး ကူးတို့ရေယာဉ်များတွင် အသက်ကယ်အင်္ကျီများ၊ ဘောကွင်းများ၊ မီးသတ်ဆေးဘူးများ ထားရှိမှု ရှိ/မရှိ တို့ကို စစ်ဆေးကာ လိုအပ်သည်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။


နန်းထိုက် (KGD)