ရန်ကုန် ၂၇ မေ
ခရိုင်အဆင့် တရားသူကြီးများမွမ်းမံသင်တန်း အမှတ်စဉ်(၉)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး လေ့ကျင့်ဌာနသင်တန်းကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး လေ့ကျင့်ဌာနညွှန်ကြားရေးမှူး ရန်ကုန်တိုင်း ဒေသကြီးတရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ။ ခရိုင်တရားသူကြီးများနှင့် သင်တန်းသား/ သင်တန်းသူ ၃၀ တို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၈)ပတ်ကြာမြင့်မည်ဖြစ်သည်။
(သတင်းစဉ်)