ခရမ်း  ၅  နိုဝင်ဘာ  

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်မှုနှင့် ပြီးစီးမှုများကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက မြို့နယ်အတွင်းရှိမဲရုံများသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် ရပ်ကွက်  ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၅၃)အုပ်စုရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၂၇၈၀၇  ဦးကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကိုမင်း(ခရမ်း)