ရပ်စောက် ၇  ဇူလိုင်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ မြေနီကုန်း (SMU) ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၌ ဇူလိုင် ၅ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ (KOICA) ၏ အထောက်အပံ့ဖြင့် (SAEM) စီမံကိန်းမှ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ် လူထုလှုပ်ရှားမှုအခြေအနေများနှင့် ရပ်စောက်မြို့နယ်၊ ကျေးရွာအုပ်စု(၉)ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ (KOICA)၏ အထောက်အပံ့ဖြင့် (SAEM) စီမံကိန်းမှ ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဖြူးပေးမည့် ယမ်းတွင်း ငါးကြောင် ကျေးရွာပေါင်း (၈)ရွာ၊ အိမ်ထောင်စုပေါင်း (၂၀ဝ)၊ တစ်ယူနစ်စိုက်ခင်း (ဝ ဒသမ ၂၅)၊ ဟွေးကျေးရွာပေါင်း (၁၄)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀)၊ တစ်ယူနစ်စိုက်ခင်း (ဝ ဒသမ ၂၅)၊ ပါမဲကျေးရွာပေါင်း (၅)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀)၊ တစ်ယူနစ် စိုက်ခင်း (ဝ ဒသမ ၂၅)၊ ဖောင်းတောကျေးရွာပေါင်း (၆)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀)၊ တစ်ယူနစ်စိုက်ခင်း (ဝ ဒသမ ၂၅)၊ မားသဲကျေးရွာပေါင်း (၃)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀)၊ တစ်ယူနစ်စိုက်ခင်း (ဝ.၂၅)၊ လွယ်ကိုး ကျေးရွာပေါင်း (၅)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀)၊ တစ်ယူနစ်စိုက်ခင်း (ဝ ဒသမ ၂၅)၊ ကောင်းဘို့ ကျေးရွာပေါင်း (၇)ရွာ၊ အိမ်ထောင်စုပေါင်း (၂၀ဝ)၊ တစ်ယူနစ်စိုက်ခင်း (ဝ ဒသမ ၂၅)၊ အလယ်ချောင် ကျေးရွာပေါင်း (၁၃)ရွာ၊ အိမ်ထောင်စုပေါင်း (၂၀ဝ)၊ တစ်ယူနစ်စိုက်ခင်း (ဝ ဒသမ ၂၅)၊ မကျီးကုန်း ကျေးရွာပေါင်း (၁၂)ရွာ၊ အိမ်ထောင်စု ပေါင်း (၁၅၀)၊ တစ်ယူနစ်စိုက်ခင်း (ဝ.၂၅)၊ စုစုပေါင်း ကျေးရွာ(၇၃) ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀ဝ)၊ တစ်ယူနစ် စိုက်ခင်း (၂ ဒသမ ၂၅)ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ မြန်မာ(GAP)အသိအမှတ်ပြုလက်မှတ်များ အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ရပ်စောက်မြို့နယ်တွင် ယခင်နှစ်က စိုက်ဧက(၇၀ဝ)ကျော် သီးနှံအမယ် (၅)မျိုးအတွက် မြန်မာ(GAP) အသိအမှတ်ပြုလက်မှတ်များ အစောင် (၁၂၀) ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် သရက်သီးနှံ မြန်မာ(GAP) အသိအမှတ်ပြုလက်မှတ်များ (၃၂)စောင်နှင့် ဂျင်းသီးနှံ မြန်မာ(GAP)အသိအမှတ်ပြု လက်မှတ်များ (၂)စောင်၊ စုစုပေါင်း (၃၄)စောင်ကို ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းရေးအတွက် အထောက်အပံ့ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရပ်စောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းမှ Covid-19 စီးပွားရေး ကုစားမှု(CERP)အစီအစဉ်အရ (KOICA) ၏ အထောက်အပံ့ဖြင့် (SAEM) စီမံကိန်းမှ ဟင်းသီးဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း၊ မြန်မာ(GAP)အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခြင်းနှင့် ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းရေး အထောက်အပံ့ပစ္စည်းများ ပေးအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း၊ ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်း၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ပြည်နယ်သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်သင်းသင်းလဲ့၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်း၊ ရပ်စောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းတို့မှ ထောက်ပံ့ပစ္စည်းများအား တောင်သူများထံ ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူဦးသောင်းညွန့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(ပြန်/ဆက်)