ဟုမ္မလင်း ၁၆ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တာဝန်ကျသည့် ကျေးရွာများသို့ ချင်းတွင်းမြစ်အထက်ပိုင်း မောင်းခမ်းကျေးရွာ၊ လွှစင်ကုန်းကျေးရွာ၊ ဟဲခမ်းကျေးရွာ၊ နောင်ပိုအောင်ကျေးရွာ၊ ယက်ဖကျေးရွာ၊ မှိုင်းဝယ်ကျေးရွာ၊ ကက်သာကျေးရွာ စသည့် ကျေးရွာအုပ်စုအလိုက်နှင့် မြို့နယ်ရုံးမျိုးစေ့ထုတ်တောင်သူ အစုအဖွဲ့များ ပေးအပ်ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး မျိုးစပါးမျိူးစေ့ထုတ်ဧက (၃၀၀)အတွက် ထောက်ပံ့ငွေကျပ် ၄၄၅ ဒသမ ၅ သိန်းအား ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးနှင့် ကျေးရွာအုပ်စုအလိုက် ကွင်းဆင်း၍ တောင်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)