လှိုင်းဘွဲ   ၂၁   ဩဂုတ်

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် Covid – 19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၌ အခြေခံ စားသောက်ကုန်များအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေး၊ ယာယီပျံကျဈေး၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အစားအသောက်မျးအား ပိုးမွှား မဝင်ရောက်နိုင်အောင် ကာရံထားရှိရေး၊ လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များ ထားရှိပေးရေး၊ ရောင်းချသူများ အနေဖြင့် Mask  များ၊ မျက်နှာကာများ တပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေး စသည့် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အသိပညာပေးခြင်းတို့ကို  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)