နောင်ချို  ၂၂  စက်တင်ဘာ  

 

ကျောက်မဲခရိုင်၊  နောင်ချိုမြို့နယ် ဈေးရပ်ကွက် ဓမ္မာရုံ၌  ယမန်နေ့ ညနေ ၃ နာရီက ကိုဗစ် -၁၉ ကာလအတွင်း  ကျရာနေရာမှတာဝန်ယူကူညီဆောင်ရွက်ပေးသူများအား အခြေခံစားကုန်ဖြစ် သည့် ဆန်နှင့်ဆီတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ထောက်ပံ့ပေးရာတွင် မြို့နယ်ကြက်ခြေနီအဖွဲ့ဝင် ၃၁ ဦး ၊ မီးသတ်တပ်ဖွဲ့ဝင် ၄၂ ဦး၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂၀  ၊ ဓမ္မစကူးလ်ဆရာ / ဆရာမ  ၁၃ ဦး၊ ဈေးရပ်ကွက် ဆန်ထောက်ပံ့မှုကော်မတီ ၄ ဦး တို့အား တစ်ဦးလျှင်ဆန်(၆)ပြည်နှင့် ဆီ ၁ ပိဿာ နှုန်းစီဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး အလှူရှင်မှာ ဈေးရပ်ကွက် ဦးကျော်ဇောလင်း+ဒေါ်နှင်းရီ (ရွှေပန်းတိမ်) မိသားစု၏ လှူဒါန်းမှုတို့ဖြင့် ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောင်ချိုမြို့နယ် ဈေးရပ်ကွက် အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အလှူရှင်များ၏ လှူဒါန်းမှု၊ ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူး၏ စီစဉ်မှုတို့ဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ရစေရန် အခြေခံစားကုန်များကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

ထွေးငယ်၊နောင်ချိုပြန်/ဆက်