ဆော ၂၆ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဆောမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စစ်ဆေးရေးဂိတ်များအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ဆောမြို့ သီရိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
လှူဒါန်းမှုတွင် ဆောမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိသည့် ဆောမြို့နယ် ဆော၊ ကျောက်ထု၊ လောင်းရှည် စစ်ဆေးရေးဂိတ်များအတွက် တစ်ဂိတ်လျှင် ကျပ် ၂၀၀၀၀၀ နှုန်းဖြင့် စစ်ဆေးဂိတ်(၃)ခုအတွက် စုစုပေါင်းလှူဒါန်းငွေ ကျပ် ၆၀၀၀၀၀ ကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ စစ်ဆေးရေးဂိတ် တာဝန်ခံများက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)


