၂၈ ဩဂုတ်
ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံသို့ သြဂုတ် ၂၇ ရက်က ရောဂါကာကွယ်ကုသရေးပစ္စည်းများနှင့် အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။
ဧရာ၀တိဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၁၀၀)ကျော်ကို အနီးကပ်ကြပ်မတ် ကုသ ပေးလျက်ရှိသော စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် ငွေကျပ် သိန်း(၁၆၀) တန်ဖိုးရှိ အရေးပေါ် လိုအပ်နေသော ကာကွယ်ကုသရေး ပစ္စည်းများနှင့် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် ကျပ်သိန်း (၁၂၀)၊ စုစုပေါင်း ငွေကျပ် သိန်း(၂၈၀)ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
လှူဒါန်းခဲ့သော ပစ္စည်းများတွင် ချွဲစုပ်စက် (၄)လုံး၊ Oxygen Concentrator (၅)လုံး၊ သွေးပေါင်တိုင်းစက် (၁၀)ခု၊ Infrared Thermometer (၅)ခု၊ Gown Sterilize SMS (၁၅၀)၊ Patient Monitor (၂)လုံး၊ ICU သုံး PPE (150)၊ Surgical Facemask အခုရေ (၂၀၀၀၀)နှင့် 3M N95 Mask များပါဝင်ပြီး ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ အခြားမြို့နယ်များအတွက်လည်း ဆက်လက် ထောက်ပံ့ကူညီသွားမည် ဖြစ်ပါသည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ကိုမိုး


