မိုင်းပျဉ်း    ဇူလှိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဂုဏ်ပြုငွေများ ချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ နာရီက မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တက်ကြွစွာပူးပေါင်းပါဝင်ကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များကို ကျေးဇူးတင်ရှိကြောင်း၊ မိမိမြို့ရွာအကျိူးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သူများအား အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း ဂုဏ်ပြုစကား ပြောကြားသည်။

 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ချီးမြှင့်သောငွေများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးက စေတနာ့ဝန်ထမ်းများအား အသင်းအဖွဲ့ တစ်ဖွဲ့လျှင် (၅၀ဝ၀ဝ)ကျပ်နှုန်းဖြင့်  အသင်းအဖွဲ့ ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

မေမွန်ထွဋ်(ပြန်/ဆက်)