ရန်ကုန်  ၂၈  အောက်တိုဘာ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်  မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၁ ခုသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၌ ကျင်းပသည်။

 

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် က နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန (၁၁) ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း ၄၅၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က လက်ခံရယူသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက လှူဒါန်းရခြင်းအကြောင်း ပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

သတင်းဓာတ်ပုံ- ဇော်မင်းလတ် (MNA)