ရန်ကုန် ၂၈ အောက်တိုဘာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၁ ခုသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၌ ကျင်းပသည်။
ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် က နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန (၁၁) ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း ၄၅၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက လှူဒါန်းရခြင်းအကြောင်း ပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
သတင်းဓာတ်ပုံ- ဇော်မင်းလတ် (MNA)


