ညောင်တုန်း ၂၃ ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် အရေးကြီးကုန်စည်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန် ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သော အမိန့်ကြေညာစာအမှတ် (၂၂/၂၀၂၀) အရ အရေးကြီးကုန်စည်များဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း မပြုလုပ်စေရန် ကုန်စုံဆိုင်များ၊ ဆေးဆိုင်များနှင့် စတိုးဆိုင်ပိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ပြီး လုပ်ငန်းရှင်များ သိရှိလိုက်နာစေရန် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)