လှိုင်းဘွဲ ၁၇ စက်တင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ  ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်နှင့်Mask များ ဖြန့်ဝေခြင်းကို ယမန်နေ့က လှိုင်းဘွဲမြို့နယ် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မိခင်နှင့်ကလေးကာကွယ် စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးကော်မတီတို့က ပြည်သူများအနေဖြင့် အပြင်သွားရာတွင် Mask များ တပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် Mask များ ဖြန့်ဝေခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်သော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

mdn