လှိုင်းဘွဲ ၁၁ စက်တင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက် နှင့်အညီ ပြည်သူများအား အသိပညာပေးဆောင်ရွက်သည့် လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို သာယာကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်သွားရာတွင် Maskများ မဖြစ်မနေ တပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ မိမိအိမ်တွင် စနစ်တကျနေထိုင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်သော ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး လုပ်ငန်းများ အရှိန်မြင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


