လှိုင်းဘွဲ ၂၉ ဩဂုတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် နံရံကပ် ဓာတ်ပုံများ လှည့်လှည်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ လူစည်ကားသော နေရာများ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးကော်မတီ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများ အနေဖြင့် အပြင်သွားရာတွင် Maskများ မဖြစ်မနေ တပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်သော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းနှင့် ရုပ်ရှင်မင်းသား/သမီးများက ကိုဗစ်-၁၉ ရောဂါ အန္တရာယ်နှင့်ပတ်သက် အသိပညာပေးနှိုးဆော်ချက် နံရံကပ်ဓာတ်ပုံ ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


