ရန်ကုန်  ၂  ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ငွေကျပ် (၁၂) သိန်းကျော်တန်ဖိုးရှိ ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်း (၇) မျိုးအား  Plan Internal Myanmar မှ မင်္ဂလာတောင်ညွန့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါလှူဒါန်းပွဲတွင် Plan Internal Myanmar မှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ယခုလှူဒါန်းသည့် ပစ္စည်းများအား မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)အတွင်း လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရေးအတွက် ခွဲဝေပေးသွားမည်ဖြစ်ကြောင်းနှင့် လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ပစ္စည်းများလှူဒါန်းရာတွင် ရာဘာလက်အိတ် (၁၅)ဘူး၊ Surgical Mask (၁၅) ဘူး၊ ဆပ်ပြာရည် 500ml (၅)ဘူး၊ ဆပ်ပြာခဲနှင့် ဆပ်ပြာခွက် (၅)စုံ၊ PPE ဝတ်စုံ (၁၅)စုံ၊ Face Shield (၁၅)ခုနှင့် စတီးလက်ဆေးကန် (၁၀)ခုတို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ချစ်စုဝေ (ပြန်/ဆက်)