ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေပေးအပ်

ဘားအံ   ၂၈  အောက်တိုဘာ 

ကရင်ပြည်နယ် ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား သီးသန့်ထားရှိမည့် အထူးကြပ်မတ်ကုသတိုးချဲ့ လူနာဆောင်တွင် Oxygen ပိုက်လိုင်း သွယ်တန်းနိုင်ရန်အတွက် ရွှေမြစ်သောင်ရင်းကုမ္ပဏီလိမိတက်နှင့် City ဆီဆိုင်မိသားစုမှ ယနေ့ မွန်းလွဲပိုင်းက အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် မြဝတီမြို့နေ ရွှေမြစ်သောင်ရင်း ကုမ္ပဏီလိမိတက်နှင့် City ဆီဆိုင်မိသားစု ဗိုလ်မှူး စောတင်ဝင်းနှင့် ဇနီးနန်းမြင့်မြင့်ဝင်းတို့ကိုယ်စား ဒေါ်နန်းခင်ခင်လှိုင်နှင့် ဒေါ်တင်စန်းကြည်တို့က ငွေကျပ် သိန်း ၃၀ ကို ပေးအပ်လှူဒါန်းရာ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အလားတူ ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ ဒေါ်စီစီနှင့် သားသမီးမြေးမိသားစုမှ Air Vo 2 Quotation Machine (၂)လုံးနှင့် စက်အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)