နောင်ချို ၂၇ သြဂုတ်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ညွှန်ကြားချက်များနှင့်အညီ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အဝင် (OHC)တိုးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်အား ယမန်နေ့နံနက်ပိုင်းကစတင်၍ ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပုဂ္ဂလိက ယာဉ်လိုင်းကြီးကြပ်ရေး ကော်မတီဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ အပြင်ထွတ်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ ခရီးသွားမှတ်တမ်းများ ကောက်ယူခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)