ပြင်ဦးလွင်    ၁၅   မေ     

 

ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကာလများတွင် အများ ပြည်သူသုံး ယာဉ်ကြီး ၊ ယာဉ်ငယ်နှင့် အဝေးပြေးဂိတ်များရှိ မော်တော်ယာဉ်လိုင်းများကို  ဧပြီလ ၆ ရက်နေ့မှ မေလ ၁၅ ရက်အထိ ယာယီပိတ်သိမ်းခဲ့သည် ။

 

632589

 

ပြင်ဦးလွင်မြို့နယ် ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ ကွပ်ကဲမှုလက်အောက်ရှိ မော်တော်ယာဉ် အသင်းများ အနေဖြင့်  ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲသည့် ကိစ္စအား ခေတ္တယာယီ ပိတ်သိမ်းထားရန် နှင့်  ကိုဗစ် -၁၉    ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးကို   အမျိုးသားရေး တာဝန် တစ်ရပ် အဖြစ်  အတူတကွ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးအတွက်  ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးလျက် ရှိသည်။ 

 

ယခုအခါ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ကိုဗစ်  -၁၉  ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း  အများပြည်သူသုံး ယာဉ်ကြီး ၊  ယာဉ်ငယ် နှင့် အဝေးပြေး ကားဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ ကို ဘီနိုင်း ၊ ပို့စတာများဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊  ယာဉ်မောင်းနှင့် ခရီးသည်များ အတိအကျလိုက်နာ ဆောင်ရွက်စေပြီး  ယာယီပိတ်ထားသည့် မော်တော်ယာဉ်လိုင်းများကို  မေလ ၁၆ ရက် နံနက် ၆ နာရီမှ စတင်ပြီး  မြို့တွင်းနှင့် တိုင်းဒေသကြီးအတွင်းတွင် မော်တော်ယာဉ်လိုင်းများ ပုံမှန်ပြန်လည်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

 

ဇော်မျိုးထိုက် ( ခရိုင်ပြန်/ဆက် )