ဒီပဲယင်း ၁၄ သြဂုတ်
ကိုဗစ်ကာလ လယ်ယာလုပ်သားရှားပါးမှုကို ကုစားသည့်အနေဖြင့် ရေဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းလုပ်ငန်းကို ကြခတ်ကျေးရွာ တောင်သူ ဦးမြင့်သောင်းထွန်း လယ်မြေပေါ်တွင် ကောက်စိုက်စက်ဖြင့် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးပြသခဲ့ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရှိရသည်။
ဆက်လက်၍ တောင်သူများမိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများထောက်ပံ့ပေးခြင်း၊ ထွန်ယက်ပေးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းပေးခြင်းတို့ကို စက်မှုလယ်ယာဦးစီးဌာနက စက်ကိရိယာများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလစီးပွားရေး ကုစားမှု အစီအစဉ်အရနိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက် နေသည့်လုပ်ငန်းစဉ်များနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တောင်သူများအား စက်မှုလယ်ယာဦးစီးဌာနမှ ဦးမောင်မောင်လွင်က ရှင်းလင်းပြောကြားခဲ့ပါသည်။
မွှေးကြူဇင်