ရွှေဘို ၆  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊‌ မခေါက်ကျေးရွာတွင် ကိုဗစ်ကာလအတွင်း မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများကို ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ဆဋ္ဌမနှစ်သက်တမ်းအတွက် ထုတ်ချေးပေးခဲ့ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ထိုရန်ပုံငွေများကို  မိမိတို့ကျေးရွာရှိ မြစိမ်းရောင်လုပ်ငန်းများ ရေရှည်အကျိုးဖြစ်စေရန် စီမံကိန်း အသင်းဝင်များနှင့် ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ကျရန်၊ ထုတ်ချေးပေးသည့် ချေးငွေများ ကိုလည်း မိမိတို့လုပ်‌ကိုင်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုကျရန် လိုအပ်ကြောင်း၊ ထိုသို့လုပ်ကိုင်ပြီး အတိုးရငွေများ တိုးပွားလာမှ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကျိုးရှိစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြစိမ်းရောင်အသင်းဝင်များကို ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန  ခရိုင်ဦးစီးမှူး  ဦးမြင့်က  ပြောကြားခဲ့သည်။

 

၂၀၁၅-၂၀၁၆ ဘဏ္ဍာ​​​​​ရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော မခေါက်​ကျေးရွာမြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်သက်တမ်းအတွက် စိုက်ပျိုးရေးလုပ်ကိုင်သူ(၂၁၆)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၁၃၂)ဦး၊ အရောင်းအဝယ်လုပ်ငန်း(၁၃)ဦး၊​ ရေလုပ်ငန်း(၁၃)ဦး ၊ ကုန်ထုတ်လုပ်ငန်း (၁)ဦး စုစုပေါင်း(၃၇၅)ဦး၊ ထုတ်ချေးငွေပေါင်း ငွေကျပ် (၆၅၅၀၀၀၀၀)ကို မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူနှင့် ဝန်ထမ်းများက ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ထုတ်ချေးပေးကြကြောင်း သိရသည်။

 

ထွန်းမြင့်အောင်(ရွှေဘို)