ကျိုက်ဒုံ ၈ ဇူလိုင်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက်ပိုင်းက ကျိုက်ဒုံမြို့အခြေခံပညာအထက်တန်းကျောင်းတွင် (KECD)ကျောင်းမှ တိုင်းရင်းသားစာပေ စကောကရင်ဘာသာသင်တန်း ပို့ချခဲ့သည်။
အဆိုပါ သင်တန်းတွင်(KECD)ကျောင်းမှ နည်းပြဆရာမ ၂ ဦးတို့က စကောကရင်ဘာသာစာပေပို့ချခဲ့ရာ ကျိုက်ဒုံမြို့ဒေသအတွင်းရှိ တိုင်းရင်းသာစာပေ ဘာသာသင်မည့်ဆရာဆရာမများ ၇၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၄ ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း၊ (၂၀၂၀-၂၀၂၁) ပညာသင်နှစ် (Grade-1) သင်ရိုးသစ်တွင် ထည့်သွင်း၍ ကျောင်းသားကျောင်းသူများကို ပြန်လည်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်


