ကျိုက်ဒုံ ၈ အောက်တိုဘာ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ကာလ၌ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့် ၂၄ ပြည်ပါ ဆန်အိတ်(၄၈)အိတ်၊ ဆီပိဿာ ၉၀ ကို ကျိုက်ဒုံမြို့ရှိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းနှင့်ဝေယျာဝစ္စများ အခက်အခဲ မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများက လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)(ပြန်/ဆက်)


