ကျိုက်လတ်  ဇွန်  ၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍  စားအုန်းဆီများကို ချိုသာသောစျေးနှုန်းဖြင့် ဇွန် ၄ ရက် နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ရောင်းချရာတွင် ကျိုက်လတ်မြို့ အမှတ်(၄)ရပ်ကွက်၊ (၁၀)လမ်းထိပ်နှင့် ဗိုလ်ချုပ် လမ်းထောင့်ရှိ အခွန်လွတ်စျေးတွင် လူတစ်ဦးလျှင် စားအုန်းဆီ(၅၀)ကျပ်သား တစ်ဘူးကို (၃၀၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ကျိုက်လတ်(ပြန်/ဆက်)

 

 

 

သတင်းရေးသားပေးပို့သူ

လှိုင်မင်းအောင်

ဓာတ်ပုံ-၂ (ပြ)

ကျိုက်လတ်(ပြန်/ဆက်)

၀၉-၆၉၆၉၅၆၇၀၁