ကျိုက်လတ် သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီမံဆောင်ရွက် သည့် စီစဉ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူ ရေးရာဦးစီးဌာနမှ တာ၀န်ခံနှင့် အဖွဲ့သည် မိဘပြည်သူများ လက်ဝယ်သို့ စားသုံးဆီများ သက်သာသော နှုန်းထားဖြင့် ရောင်းချပေးလျက်ရှိရာ ဩဂုတ် ၉ ရက် နံနက်ပိုင်းမှ စတင်၍ ကျိုက်လတ်မြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ ဆီတစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ ရောင်းချပေးရာတွင် တစ်ဦးလျှင် ဆီ ၅၀ ကျပ်သားနှုန်းဖြင့် ယနေ့တွင် ဆီပိဿာချိန် ၂၂၀ ကို ရောင်းချပေးခဲ့ပြီး သြဂုတ် ၆ ရက်မှ ယနေ့အထိ ဆီပိဿာချိန် စုစုပေါင်း ၅၅၀ ကို မိဘပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)