ကျိုက်လတ် သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒေသကော်မတီ(၅) ဖျာပုံခရိုင်နှင့် ကျိုက်လတ်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ် ဆီလုပ်ငန်းရှင်များပူးပေါင်း၍ ဆန်နှင့် စားအုန်းဆီများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆန်နှင့် စားအုန်းဆီများကို ယနေ့ နံနက်ပိုင်းက ရောင်းချပေးသည်။
ဆန်နှင့် စားအုန်းဆီများ ရောင်းချပေးနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များမှ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့် စားအုန်းဆီများ ဝယ်ယူနိုင်ရေးအတွက် အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းနှင့် စားအုန်းဆီ တစ်ပိဿာလျှင် (၄၃၀၀)ကျပ် နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်(၁)ပြည်နှင့် စားအုန်းဆီ (၅၀)ကျပ်သား ရောင်းချပေးကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)