ကျိုက်မ​ရော   ၂၀   ဧပြီ

မော်လမြိုင်ခရိုင် ကျိုက်မ​ရောမြို့နယ် ပြည်သူ့​ဆေးရုံနှင့် မြို့မ​စျေးအတွင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေးအတွက် ပိုးသတ်​ဆေးဖျန်းခြင်းကို ယ​နေ့ ည​နေ ၄ နာရီက ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့​ဆေးရုံဝင်းနှင့်  လူနာ​စောင့်များ နားနေခန်း၊ ပြင်ပလူနာခန်းများနှင့် ဓာတ်မှန်ခန်းများ၊ အစည်းအ​ဝေးခန်းမတို့အား ပိုးသတ်​ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ကျိုက်မ​ရောမြို့မ​ စျေးကြီးနှင့် ကုလား​စျေးတို့တွင် ည​နေ​စျေးပိတ်ချိန်၌ ပိုးသတ်​ဆေးဖျန်း​ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်​။

ပြည့်ဖြိုး (ပြန်/ဆက်)