ကျိုက်မရော ၂၀ ဧပြီ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံနှင့် မြို့မစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ ညနေ ၄ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ဆေးရုံဝင်းနှင့် လူနာစောင့်များ နားနေခန်း၊ ပြင်ပလူနာခန်းများနှင့် ဓာတ်မှန်ခန်းများ၊ အစည်းအဝေးခန်းမတို့အား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကျိုက်မရောမြို့မ စျေးကြီးနှင့် ကုလားစျေးတို့တွင် ညနေစျေးပိတ်ချိန်၌ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး (ပြန်/ဆက်)