ကျိုက်မ​​ရော     ၃၀    ဇူလိုင်     

 

မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်တွင် ၂၀၂၀ ပြည့်နှစ် ထွေထွေရွေး​​ကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများကို ​​နေ့ နံနက် နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး​​ရှေ့၌ ဖြန့်ဝေပေးခဲ့သည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိ​​သော မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ရပ်ကွက်/​ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင်ကြေညာထားသော မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည် ပါ မပါကို သွားရောက်ကြည့်ရှုစစ်ဆေးကြရန်နှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် အသိပညာပေးခြင်းများ ပါဝင်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကြသော ခရီးသွားပြည်သူများနှင့် ရပ်ကွက်​/​ကျေးရွာများရှိ မဲဆန္ဒရှင် ပြည်သူများထံ ဖြန့်​​ဝေပေးခဲ့ကြသည်။

 

အဆိုပါ လက်ကမ်းစာစောင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးဒေါ်အိသဲလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သည့် ပြည်သူ့စျေး၊မော်တော် ယာဉ်ဂိတ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ချိုချို(ပြန်/ဆက်)