ကျိုက်မရော ၂၈ ဧပြီ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကော့ဝမ်းကျေးရွာတွင် ဧပြီ ၂၇ ရက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကော့ဝမ်းကျေးရွာအတွင်းရှိ နေအိမ်အဆာက်အဦများ၊ စာသင်ကျောင်းများနှင့် စျေးအတွင်းရှိ ဆိုင်များကို ပိုးသတ်ဆေးဖျန်းစက်ကြီးဖြင့် ယင်းနေ့ညနေပိုင်းမှစတင်၍ လိုက်လံပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းစက်ကြီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းပေးခြင်းကို မော်လမြိုင်မြို့ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ကျေးရွာလူငယ်များ ပူးပေါင်းကာ တစ်ရွာလုံး လှည့်လည်ပက်ဖျန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
ပြည့်ဖြိုး (ပြန်/ဆက်)


