ကျိုက်မရော ၂၈ ဧပြီ

 

​မော်လမြိုင်ခရိုင် ကျိုက်မ​ရောမြို့နယ် ​​ကော့​ဝမ်း​ကျေးရွာတွင် ဧပြီ ၂၇ ရက်က ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးအတွက် ​ကော့ဝမ်း​ကျေးရွာအတွင်းရှိ​ နေအိမ်အ​ဆာက်အဦများ၊​ စာသင်ကျောင်းများနှင့်​ စျေးအတွင်းရှိ ဆိုင်များကို ပိုးသတ်​ဆေးဖျန်းစက်ကြီးဖြင့် ယင်းနေ့ညနေပိုင်းမှစတင်၍ လိုက်လံပက်ဖျန်း​​ပေးခဲ့​ကြောင်း သိရသည်။

 

အဆိုပါ ပိုးသတ်​ဆေးဖျန်းစက်ကြီးဖြင့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေး ပိုးသတ်​ဆေးဖျန်း​ပေးခြင်းကို မော်လမြိုင်မြို့ ဘိုဘိုဝင်း လူမှုကယ်ဆယ်​ရေးအဖွဲ့နှင့်​ ကျေးရွာလူငယ်များ ပူး​ပေါင်းကာ တစ်ရွာလုံး လှည့်လည်ပက်ဖျန်း​ပေးခဲ့​ကြောင်း သတင်းရရှိသည်။

 

ပြည့်ဖြိုး (ပြန်/ဆက်)