ကျိုက်မ​​ရော  ၂၀  ဇွန်  

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်တွင် ထန်းပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက နတွစမ်း​ကျေးရွာအဝင် ထန်းတော၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ ထန်းပင်စိုက်ပျိုးခြင်းကို သဘာဝအလှကို ပုံ​ဖော်​ပေးခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစို​ပြည်ရေးနှင့် ရေကြီးနစ်မြုပ်သည့်​ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ အတ္တရံလူငယ်ပညာ​ရေး ပရဟိတကွန်ယက်၊ ကျိုက်မ​ရော လူငယ်ပရဟိတအဖွဲ့များနှင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့များ ပူး​ပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပရဟိတအဖွဲ့မှ ဦးကျော်မင်းစိုးက ​ပြောသည်။

 

ချိုချို(ပြန်/ဆက်)

 

654