ကျိုက်မရော ၂၀ ဇွန်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ထန်းပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက နတွစမ်းကျေးရွာအဝင် ထန်းတော၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထန်းပင်စိုက်ပျိုးခြင်းကို သဘာဝအလှကို ပုံဖော်ပေးခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရေကြီးနစ်မြုပ်သည့် ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ အတ္တရံလူငယ်ပညာရေး ပရဟိတကွန်ယက်၊ ကျိုက်မရော လူငယ်ပရဟိတအဖွဲ့များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပရဟိတအဖွဲ့မှ ဦးကျော်မင်းစိုးက ပြောသည်။
ချိုချို(ပြန်/ဆက်)


