ကျိုက်မရော ၅ အောက်တိုဘာ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်းသဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ကြံသီးနှံ ပျက်စီးဧက ၇၀ အား ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ကြံစိုက်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေဟင်္သာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှတင်မောင်က ကြံစိုက်တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပျက်စီးသွားသော ကြံစိုက် ဧက ၇၀ အတွက် တစ်ဧကလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ကြံစိုက်တောင်သူ ၃ ဦးတို့အား စုစုပေါင်း ထောက်ပံ့ငွေကျပ် ၃၅ သိန်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နှင့် တာဝန်ရှိ သူများက တောင်သူတစ်ဦးချင်းထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ချိုချို(ပြန်/ဆက်)


