ကျိုက်မ​ရော ၅ အောက်တိုဘာ   

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်းသဘာဝ ​ဘေးအန္တရာယ်​ကြောင့် ပျက်စီးသွား​သော ကြံသီးနှံ ပျက်စီးဧက ၇၀ အား ကိုဗစ်-၁၉ ​ရောဂါ စီးပွား​ရေးကုစားမှု အစီအစဉ်ဖြင့် ကြံစိုက်​တောင်သူများအား ​ထောက်ပံ့ငွေ​ပေးအပ်ပွဲကို ယ​နေ့နံနက် ၁၀ နာရီက မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန ​ရွှေဟင်္သာခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ​ဒေါ်ခင်မျိုးမြင့်က အဖွင့်အမှာစကား​ပြောကြားပြီး မြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာန ဦးစီးမှူး ဦးလှတင်​မောင်က  ကြံစိုက်​တောင်သူများအား ​ထောက်ပံ့​ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့​နောက် ပျက်စီးသွား​သော ကြံစိုက် ဧက  ၇၀ အတွက် ​တစ်ဧကလျှင် ​​​ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ​​ကြံစိုက်​တောင်သူ ၃ ဦးတို့အား ​စုစု​ပေါင်း ထောက်ပံ့​ငွေကျပ် ၃၅ သိန်းကို ပြည်နယ်လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်ခင်မျိုးမြင့်နှင့် တာဝန်ရှိ သူများက ​တောင်သူတစ်ဦးချင်းထံ​​ ထောက်ပံ့​ငွေများ ပေးအပ်ခဲ့ကြ​ကြောင်း သိရသည်။

ချိုချို(ပြန်/ဆက်)