ကျိုက်မရော၊ ၁၆ ဒီဇင်ဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်းကျေးရွာ အဆင့်စီမံကိန်းစက်ဝန်း မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီက ကျုံစိန်ကျေးရွာ စာသင်ကျောင်းနှင့်ကြခတ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတို့၌ပြုလုပ်သည်။
အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုက စီမံကိန်းစက်ဝန်းမိတ်ဆက်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာ သူများ၏ သိရှိလို သောမေးခွန်းများကို စီမံကိန်းရုံးမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ မွန်ပြည်နယ် လူထုဗဟိုပြု စီမံကိန်းရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် စီမံကိန်းရုံးမှ တာဝန်ရှိသူများနှင့် ကျေးရွာ (၄၁)ရွာမှ ရွာသူ၊ ရွာသားများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးရုံးမှ သိရသည်။
ချိုချို(ပြန်/ ဆက်)


