ကျိုက်မ​ရော၊ ၁၆ ဒီဇင်ဘာ

​မော်လမြိုင်ခရိုင် ကျိုက်မ​ရောမြို့နယ်တွင် စိုက်ပျိုး​ရေး၊ မွေးမြူရေးနှင့် ဆည်​​မြောင်းဝန်ကြီးဌာန၊ ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်း​ကျေးရွာ အဆင့်စီမံကိန်းစက်ဝန်း မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် ​မွန်းလွဲ ၁ နာရီက ကျုံစိန်​ကျေးရွာ စာသင်​ကျောင်းနှင့်ကြခတ်ကုန်း​ကျေးရွာ ဘုန်းကြီး​ကျောင်းတို့၌ပြုလုပ်သည်။

အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်​ရေးအတွက် ကျန်းမာ​ရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုက စီမံကိန်းစက်ဝန်းမိတ်ဆက်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း​ဆွေး​နွေးခဲ့ကာ တက်​ရောက်လာ သူများ၏ သိရှိလို ​​​သော​မေးခွန်းများကို  စီမံကိန်းရုံးမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း​ဆွေး​နွေးခဲ့ကြသည်။

အခမ်းအနားသို့ မွန်ပြည်နယ် လူထုဗဟိုပြု စီမံကိန်းရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် စီမံကိန်းရုံးမှ တာဝန်ရှိသူများနှင့်​ ကျေးရွာ (၄၁)ရွာမှ ရွာသူ၊ ရွာသားများ တက်​ရောက်ခဲ့ကြ​ကြောင်း မြို့နယ် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးရုံးမှ သိရသည်။

ချိုချို(ပြန်/ ဆက်)