ကျိုက်မရော၊ ၇ ဇန်နဝါရီ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီသန့်ရှင်းသာယာ လှပရေးအတွက် (၂၀၂၀-၂၀၂၁)ဘဏ္ဏာနှစ်အတွင်း မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကလိုင်းကနိုင် - ကျောက်တစ်လုံးလမ်းအရှည် ၅ မိုင်တွင် လမ်းအကျယ် ၁၈ ပေ၊ အရှည် ၃ ဖာလုံ၊ ထု ၃ လက်မ လမ်းမကြီးအား အဆင့်မြှင်တင်ရန် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၇ ရက် နံနက် ၉ နာရီတွင် စတင်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
အဆိုပါ နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်အတွက် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေမှကျပ် သိန်း(၆၀၀) အကုန်ကျခံကာ ယခုလအတွင်း အဆင့်မြှင့်တင်ခင်းပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော် ထံမှ သိရသည်။
ချိုချို(ပြန်/ဆက်)


