ကျိုက်မ​ရော၊ ၇ ဇန်နဝါရီ

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ ​ခေတ်မီသန့်ရှင်းသာယာ လှပ​ရေးအတွက်     (၂၀၂၀-၂၀၂၁)ဘဏ္ဏာနှစ်အတွင်း မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူ​ ဆောင်ရွက်လျက်ရှိ​သော ကလိုင်းကနိုင်  - ​ကျောက်တစ်လုံးလမ်းအရှည် ၅ မိုင်တွင်  လမ်းအကျယ် ၁၈​ ပေ၊  အရှည် ၃ ဖာလုံ၊ ထု ၃ လက်မ လမ်းမကြီးအား အဆင့်မြှင်တင်ရန် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဇန်နဝါရီ  ၇  ရက် နံနက် ၉ နာရီတွင် စတင်​ဆောင်ရွက်လျက်ရှိ ​ကြောင်းသိရသည်။

အဆိုပါ နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်အတွက် ပြည်နယ် ​ငွေလုံး​ငွေရင်းရန်ပုံ​ငွေမှကျပ် သိန်း(၆၀၀) အကုန်ကျခံကာ  ယခုလအတွင်း အဆင့်မြှင့်တင်ခင်း​ပေးသွားမည် ဖြစ်​ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော် ထံမှ သိရသည်။

ချိုချို(ပြန်/ဆက်)