ကျိုက်မရော ဒီဇင်ဘာ ၂၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ကျိုက်မရော (ပညာအားမာန်)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အထက်တန်ပြ ဆရာ ဦးစိုးလွင်က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားပြီး Grade-9 မှ မောင်ဖုန်းပြည့်စုံက လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းကို ဟောပြောခဲ့သည်။
ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ Grade-11 မှ ကျောင်းသား၊ ကျောင်းသူ (၅)ဦးတို့က “ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။
မိချို(ပြန်/ဆက်)