ကျိုက်မရော ၂၂ စက်တင်ဘာ
မွန်ပြည်နယ်၊ သထုံခရိုင် မွန်ပြည်သစ်ပါတီမှ ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံကြီးနှင့် လှုမှူကယ်ဆယ်ရေး အဖွဲ့များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးပို့လှူဒါန်းပွဲကို ယနေ့ နံနက်၁၀နာရီအချိန်က ကျိုက်မရော မြို့ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် သထုံခရိုင် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများက ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုနိုင်ရန် N, 95 ဘူး၅၀၊ glove (လက်အိတ်)၅၀၊ ခွဲစိတ်ခန်းသုံးလက်အိပ်၅၀၊ နှာခေါင်းစည်း mask ၅၀၊ Goguler(မျက်မှန်)၅၀၊ ဖိနပ်ဖုံး၅၀၊ face shield(၅၀)နှင့် PPEဝတ်စုံ(၅၀)စုစုပေါင်းပစ္စည်းမျိုးစုံ (၈) မျိုးတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ အလှူရှင်များကကျိုက်မရောမြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ များအား ကိုဗစ်ကာကွယ်ရေး ဝတ်စုံ PPE နှင့် နှာခေါင်းစည်း mask ဘူးများကို ပေးပို့လှူဒါန်းခဲ့ကြကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး(ပြန် /ဆက်)