ကျိုက်မရော ၂၈ သြဂုတ်
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် အတွင်းရှိ ရေကြီးနစ်မြှပ်မှု ဒဏ်အများဆုံး ခံရသော ကျေးရွာများထဲမှ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများသို့ ဆိုလာမီးအိမ်များ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လမုခိုကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကိုရီးယား-မြန်မာလူငယ်ပရဟိတနှင့် ဓမ္မယာန၊ မဇ္စိုမယာနလူငယ်ဖွံ့ဖြိုးရေး ပရဟိတအဖွဲ့များက လျှပ်စစ်မီးမရသော ကျေးရွာများသို့ ဆိုလာမီးအိမ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရေဘေးသင့်အိမ်ထောင်စုများအတွက် တန်ဖိုးသိန်း(၅၀)ရှိ ဆိုလာမီးအိမ်အလုံးပေါင်း(၅၀ဝ)ကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ် လှူဒါန်းပေးခဲ့သည်။
အဆိုပါ လမုခိုကျေးရွာတွင် အိမ်ထောင်စုပေါင်း(၄၂၆)စုရှိပြီး ရေကြီးနစ်မြှပ်မှု အများဆုံးခံခဲ့ရသော ကျေးရွာဖြစ်ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


