ကျိုက်မရော ၂၉ သြဂုတ်
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသော အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ပညာပေးသင်တန်းကို ယမန်နေ့နံနက်၁၀နာရီက အ.ထ.က ကျိုက်မရော(ပညာအားမာန်) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးထွန်းရှင်က အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိသဲလင်းက ရပ်ကွက်ကျေးရွာအုပ်စု လုပ်ငန်းလမ်းညွှန်နှင့် မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တိကျမှန်ကန်သော မဲစာရင်းရရှိရန် ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒတစ်ထပ်တည်း ဖြစ်ရမည်ဟူသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ "စံ"ချက်ကို အကောင်ထည်ဖော်ရန် ရည်ရွယ်လျက် မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ပညာပေးဆွေးနွေးပို့ချခဲ့သည် ယနေ့ကျင်းပပြုလုပ်သော အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းသင်တန်းသို့ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ သင်တန်းသားသင်တန်းသူ ၉၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက်မရော)


