ကျိုက်မရော ၇ ဇူလိုင်
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် မိုးဦးကာလများတွင် ဖြစ်ပေါ်လေ့ရှိသော မိုးကြိုးပစ်ခြင်းအန္တရာယ်နှင့် မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက မိုးကြိုးပစ်ခြင်း အန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသားကျောင်းသူများအား မိုးကြိုးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
မြို့နယ်(ပြန်/ဆက်)


