ကျိုက်မရော ၉ ဇွန်
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော မျက်စိဝေဒနာသည်များအား မျက်စိအတွင်းတိမ် ခွဲစိတ်ခြင်းအလင်းဒါနအလှူပွဲကို ယနေ့ နံနက် ၁၁နာရီက အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းကြီး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပါရမီအခမဲ့ကုသိုလ်ဖြစ်ဆေးခန်း၏ နာယကဦးထွန်းလွင်က မျက်စိအတွင်းတိမ်ခွဲစိတ်ခြင်း အလင်းဒါနပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး အလှူရှင်မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာပွင့်ဦးနှင့် ဒေါက်တာဥမ္မာလှိုင် (သီတဂူဗွီးရှင်း)မျက်စိအထူးကုဆေးခန်း မော်လမြိုင် မိသားစုတို့မှ မျက်စိအတွင်းတိမ်ခံစားနေရသော မျက်စိဝေဒနာသည်များအား စမ်းသပ်ပေးပြီး အခမဲ့ခွဲစိတ်ပေးသွားမည်ဖြစ်သည်။
ယနေ့ပြုလုပ်သော မျက်စိအတွင်းတိမ်ခွဲစိတ်ခြင်းအလှူဒါနကို ပါရမီ ကုသိုလ်ဖြစ်ဆေးခန်းတွင် (နဝမ) အကြိမ်မြောက် လှူဒါန်းပြုလုပ်ခြင်းဖြစ်ပြီး မျက်စိလူနာ (၃၆) ဦးတို့အား အခမဲ့ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း ပါရမီ အခမဲ့ဆေးခန်းတာဝန်ရှိသူထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)
