ကျိုက်မရော  ၁၃  ဇန်နဝါရီ

 

ရိုးရာဓလေ့အတိုင်း အစဉ်လာမပျက် ကျင်းပခဲ့သည့် ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်ကို ဇန်နဝါရီ ၁၆ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရေပူကော့စပ်ကျေးရွာရှိ ဒေါင်ဒင်အင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

2

 

အဆိုပါ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို  ကျေးရွာရှိဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ငါးဖမ်းဝါသနာပါသူများအနေဖြင့် မည်သူမဆို ငါးဖမ်းပွဲတော်ကြီးသို့ ပျော်ပျော်ပါးပါး လာရောက် ဆင်နွှဲနိုင်ကြောင်း ရေပူကော့စပ်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေး မှူး ဦးစောမြင့်ဝင်းက ပြောသည်။

 

9

 

ဒေါင်ဒင်းအင်း ငါးဖမ်းပွဲတော်ကို ရိုးရာဓလေ့အတိုင်း အစဉ်လာမပျက် ဆင်နွှဲခဲ့သည်မှာ နှစ်ပေါင်းတစ်ရာနီးပါး ရှိခဲ့ပြီးဖြစ်ကြောင်း ပါးစပ်ရာဇဝင်များအရ သိရကြောင်း  ရေပူကော့စပ်ကျေးရွာမှ ဒေသခံတစ်ဦးထံမှ သိရသည်။

 

5

 

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)