ကျိုက်မရော ၁၃ ဇန်နဝါရီ
ရိုးရာဓလေ့အတိုင်း အစဉ်လာမပျက် ကျင်းပခဲ့သည့် ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်ကို ဇန်နဝါရီ ၁၆ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရေပူကော့စပ်ကျေးရွာရှိ ဒေါင်ဒင်အင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ကျေးရွာရှိဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ငါးဖမ်းဝါသနာပါသူများအနေဖြင့် မည်သူမဆို ငါးဖမ်းပွဲတော်ကြီးသို့ ပျော်ပျော်ပါးပါး လာရောက် ဆင်နွှဲနိုင်ကြောင်း ရေပူကော့စပ်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေး မှူး ဦးစောမြင့်ဝင်းက ပြောသည်။

ဒေါင်ဒင်းအင်း ငါးဖမ်းပွဲတော်ကို ရိုးရာဓလေ့အတိုင်း အစဉ်လာမပျက် ဆင်နွှဲခဲ့သည်မှာ နှစ်ပေါင်းတစ်ရာနီးပါး ရှိခဲ့ပြီးဖြစ်ကြောင်း ပါးစပ်ရာဇဝင်များအရ သိရကြောင်း ရေပူကော့စပ်ကျေးရွာမှ ဒေသခံတစ်ဦးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)