ကျိုက်မရော ၁၈ စက်တင်ဘာ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအားရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဒုတိယနေ့ ကို ယနေ့နံနက် ၁၀ နာရီက အတ္တရံခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းဒုတိယနေ့တွင် သင်တန်းသား/သင်တန်းသူများအား ကြိုတင် ဆန္ဒမဲပေးခြင်းနှင့် မဲပေးနည်း ပုံစံများကို လက်တွေ့သရုပ်ပြသင်ကြားပို့ချပေးခဲ့သည်။
ထိုသို့ လက်တွေ့သရုပ်ပြသရာ၌ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အတွင်းရေးမှူး ဒေါ်အိသဲလင်းတို့က မဲရုံတွင် မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးပုံ နှင့်ကြိုတင်မဲပေးပုံပေးနည်းများကို သင်တန်းသား/ သင်တန်းသူများ အား လက်တွေ့ပြသသင်ကြားပေးခဲ့ပြီးပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့်ရလဒ်များ ၊ထုတ်ပြန်ကြေညာခြင်း၊ ပြည်သူလူထုနှင့်မဲဆန္ဒ ရှင်အသိပညာပေးခြင်း စသည့်ဘာသာရပ်များအလိုက် သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
ချိုချို( ပြန်/ဆက်)


