ကျိုက်ထို စက်တင်ဘာ ၁၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ် နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက Hand Speaker ဖြင့် မြို့ပေါ် ရပ်ကွက်များအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းစေရန်နှင့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြ ရန်တို့ကို အသိပေးနှိုးဆော်ခဲ့သည်။
ထို့ပြင် ကာကွယ်ဆေးများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှု အပြည့်အဝရရှိစေရန်၊ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးကြပါရန်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
(ကျိုက်ထို ပြန်/ဆက်)